Samsung Galaxy S3 ( Gt-i9300 ) သမားတွေ Official 4.3 ကို မျှော်နေခဲ့ရတာအချိန်အတော်ကြာပါပဲ . . . ဟော . . . 4.3 ရပြီဟေ့ဆိုတော့ ကျွန်တော်အပါအ၀င် တော်တော်များများ အားကြိုးမာန်တက် တင်လိုက်ကြရော . .
အဲ့ဒီမှာ စတွေ့တာပဲ ။ Official 4.3 ဟာ Leak Version မှာတုန်းက ဖြစ်ခဲ့သလိုပဲ Wake Up lag နဲ့ Battery drain ကို Fix မလုပ်နိုင်ခဲ့ပါဘူး ။ အဲ့ဒါနဲ့ 4.1.2 တွေပြန်ဆင်းကြ ။ ပြန်ဆင်းပြန်တော့လဲ 4.3 မှာပါတဲ့ Modem က MG4 Modem ဖြစ်ပြီး 4.1.2 ကျတော့ MG2 ဖြစ်သွားလို့ Network ပျောက်တာတွေ ဖြစ်ကုန်ရော . . . ဒီတော့ ပြန်တက်ကြရရော ။
Wake up lag ( Lock screen မှာကြာနေတာ ) ရယ် Battery Drain ရယ်ကို သည်းခံပြီးသုံးနေကြတော့တာပဲ ။
ကျွန်တော်ကတော့ တကယ်သည်းမခံနိုင်ခဲ့ဘူး ။ ဖုန်းလာရင် စခရင်က ပွင့်မလာတော့ ဖုန်းကိုင်လို့မရဘူး . အတော်ခံစားရတယ် ။
ဒါနဲ့ ဟိုဒီပတ်မွှေ . ဟိုကလိ ဒီကလိ . .. Custom ROM တွေ ဗြောင်းဆန်အောင်တင်ပြီးတဲ့အခါမှာ အားလုံးမှာ တူညီနေတာလေးသွားတွေ့တယ် ။ Wake Up Lag မဖြစ်တဲ့ ROM တိုင်းနီးပါးမှာ သုံးထားတဲ့ Kernel က တူနေတာကိုတွေ့ရတယ် ။ ဒါကြောင့် ကျွန်တော် Official ပြန်တင်တယ် ။
ပြီးတော့ သူတို့သုံးတဲ့ Kernel သုံးကြည့်လိုက်တယ် ။ တကယ်ပဲဗျာ ။ လုံးဝလန်းဆန်းသွားတယ် ။
ကျွန်တော်သေချာအောင် ကျွန်တော့နားမှာရှိသမျှ s3 ငါးလုံးလုံးစမ်းတယ် ။ ။ ငါးလုံးလုံးအိုကေတယ် ။ ဒါကြောင့် ကျွန်တော် ပြန်ရှယ်ယာလုပ်ပါတယ် ။
http://www.mediafire.com/?inzboa9lg3lundi
အဲ့ဒီ Kernel လေးဒေါင်းပါ ။ ပြီးရင် ဖုန်းရဲ့ SD card ထဲထည့်ပါ ။
ပြီးရင် CWM ၀င်ပါ ။ CWM ကတော့ အားလုံးရှိပြီးသားလို့ထင်ပါတယ် ။
Root လုပ်ဖို့ သုံးခဲ့ရတာကိုး ။ CWM မရှိသေးဘူးဆိုရင်တော့ ကွန်မန့်ထဲမှာ တောင်းဗျာ ။
ပြီးရင် CWM ဆီဝင်ပါမယ် ။ Install Zip from SD Card ကိုရွေးပြီး
အခုဒေါင်းထားတဲ့ yank555 Zip ဖိုင်လေးကို ရွေးပေးလိုက်ပါ ။
Install လုပ်ရင် Aroma Installer တက်လာပါလိမ့်မယ် ။
ပထမဆုံးကတော့ terms and condition ကို အမှန်ခြစ်ခိုင်းတာပါ ။ ခြစ်ပေးလိုက်ပါ ။
ဒုတိယတစ်ခုမှာ ရွေးစရာလေး သုံးခုပေါ်လာပါမယ် ။
အဲ့ဒီနေရာမှာ Yank555.lu ကို ရွေးပေးလိုက်ပါ ။ အဲ့ဒါ အရေးကြီးပါတယ် ။
ဒိပြင် Setting တွေကိုရွေးလိုက်ရင် နောက်ပိုင်းဖြည့်ရသမျှ ကိုယ်တိုင်ဖြည့်ရပါလိမ့်မယ် ။
Yank555.lu ကိုရွေးပေးလိုက်ရင်တော့ သူ့ဟာသူ ဖြည့်ပီးသား Next တွေချည်း နှိပ်သွားရုံပါပဲ ။
အဲ့လို Yank555.lu ကို ရွေးပြီး Next နှိပ်ပါ ။ နောက်တစ်မျက်နှာ ပွင့်ပါမယ် ။ အဲ့ဒီနောက် Next တွေချည်းပဲ တောက်လျှောက်နှိပ်သွားပါ ။ ။ ။
Skilled User မဟုတ်ရင် ဘယ် Setting ကိုမှ သွားမပြောင်းပါနဲ့ ။ ။ သူအော်တိုဖြည့်ထားတဲ့အတိုင်းကိုပဲ တောက်လျှောက် Next ချည်းပဲ နှိပ်သွားပါ ။
ပြီးရင် အင်စတောလုပ်ပါမယ် ။ ပြီးရင် Reboot System ။ ဖုန်းပြန်တက်လာပါမယ် ။
ပြန်တက်လာရင် Root ပျောက်သွားတတ်ပါတယ် ။ အဲ့ဒီအတွက် ဒီကောင်လေးကို ဒေါင်းပါ ။
http://www.mediafire.com/?gz3yf3g2l7lqtxd
ဒေါင်းပြီးရင် ဖုန်းရဲ့ Sd ထဲထည့်ပါ ။ ပြီးရင် CWM ၀င်ပါ ။ CWM ကနေ အဲ့ကောင်လေးကို Flash ပေးလိုက်ပါ ။ Root Update ရပါပြီ ။
ဒိပြင်ဟာတွေသုံးရင်လဲ ရပါတယ်ကွာ လို့ လာပြောကြပါတယ် ။။။။
ဟုတ်ကဲ့ . ရမှာပါ ။ ကျွန်တော်က ကျွန်တော်ကိုယ်တိုင်စမ်းပြီး အဆင်ပြေပြီးတာကိုပဲ တင်ပေးတာပါ ။ သန်ရာသန်ရာနည်းကို သုံးနိုင်ပါတယ် ။
ပြီးရင် Reboot System Now ။
ဖုန်းပြန်တက်လာရင် Wake Up lag မရှိတော့တာကို သတိထားမိပါလိမ့်မယ်
နည်းနည်းကြာကြာသုံးမိရင် Battery drain လဲ အတော်လျော့သွားတာကို သတိထားမိပါလိမ့်မယ်
အဆင်ပြေပါစေ . . . .
All credits go to Bro Yank & Chainfire
Andriod Apps,Games,Root,Tutorials,Roms & iOS Apps,Games,JailBreak,Tutorials,Roms and so on.,
Sunday, November 17, 2013
Saturday, November 16, 2013
MPT Service v1.1(Offical)
မြန်မာနိုင်ငံသုံးဆက်သွယ်ရေးဝန်ဆောင်မူများအတွက်ဖြစ်ပါတယ်။
ဒီ App ကနေ Gsm အချင်းချင်းငွေဖြည့်ငွေလွဲလုပ်နိုင်ခြင်း
CDMA ငွေဖြည့်နိုင်ခြင်း
GSM Internet လျှောက်ထားနိုင်ခြင်း
GSM Internet Setting ချိန်နည်းပါရှိခြင်း
GSM Call Waiting Service လျှောက်ထားနိုင်ခြင်း
GSM Call Forward Service လျှောက်ထားနိုင်ခြင်း
GSM Miss Call Altert Service လျှောက်ထားနိုင်ခြင်း
GSM Voice Mail လျှောက်ထားနိုင်ခြင်း
Developer Feed Back ပြန်ပေးနိုင်ခြင်း အစရှိသည်တို့ကို
လုပ်ဆောင်နိုင်ပါသည်။
App အတွင်းမြန်မာလိုအညွန်းများပါဝင်ခြင်းကြောင့်အဆင်ပြေပြေ
လုပ်ဆောင်နိုင်မှာပါ။
ှService တစ်ခုခြင်းဆီရဲ့အချက်အလက်များကို
App အတွင်းရေးသားပေးထားပါတယ်။
Google Play Store ကနေ တိုက်ရိုက်ဒေါင်းနိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.phyochan.mptservice
Play Store ကနေ မဒေါင်းနိုင်သူများ
ဒီမှာ ဒေါင်းပါ။
Friday, November 15, 2013
Fepfz V2.0
fepfz (Updated to Version 2.0)
*** MAJOR UPDATE ***
MORE POWERFUL and MORE RISKY
Version 2.0 အဖြစ် Update လုပ်ပေးလိုက်ပါတယ်။ အခု update မှာ code segment တွေအပေါ် မမှီခိုတော့ဘဲ ELF file structure အတိုင်းလိုက်ပြီး ပြုပြင်ပေးသွားမှာဖြစ်ပါတယ်။ ဖုန်းအားလုံးနီးပါးနဲ့ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Myanmar Unicode system ကို တစ်စိတ်တစ်ပိုင်း ပြုပြင်တာတင်မဟုတ်ဘဲ စနစ်တစ်ခုလုံးကို အလုပ်မလုပ်နိုင်အောင်လုပ်လိုက်မှာဖြစ်ပါတယ်။
ဖုန်းဘောင်နောက်မှာ စာတွေကွယ်နေတဲ့ပြဿနာကိုလည်း ဖြေရှင်းနိုင်ပါပြီ။ အဲဒီပြဿနာပေါ်နေတဲ့ဖုန်းတွေလည်း update နဲ့ patch ပြန်လုပ်လို့ရပါတယ်။ အဲဒီပြဿနာမရှိတဲ့ဖုန်းတွေ (Sony) တွေကတော့ လုပ်စရာမလိုပါဘူး။ လုပ်လိုက်ရင် တစ်ချို့နေရာတွေ ပြန်မှားသွားပါတယ်။ အပေါ်ဆုံးမှာရေးထားသလိုပဲ MORE POWERFUL and MORE RISKY ပါ။ အားလုံးမှန်ပြီးသားဖုန်းတွေ၊ လက်ရှိလောက်မှန်ရုံနဲ့တင် ကျေနပ်တယ်ဆိုတဲ့ဖုန်းတွေ ထပ်မစမ်းပါနဲ့တော့။
ကျွန်တော်ပြောခဲ့သလို၊ နောက်ပြီး တစ်ချို့ comment တွေမှာ ရေးထားကြသလိုပါပဲ။ ကျွန်တော့်ရဲ့နည်းလမ်းဟာ ရေတိုနည်းလမ်းပဲဖြစ်ပါတယ်။ ဆေးမြီးတိုပဲဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး ရည်မှန်းချက်ထားရမှာက တစ်ကမ္ဘာလုံးစံပြုထားတဲ့ Unicode System အဖြစ် ပီပီပြင်ပြင်ပေါ်ထွက်လာဖို့ဖြစ်ပါတယ်။
- ရရစ်ဆိုတာ တစ်ခုတည်း ရှိတော့မယ့်အချိန်
- အောက်ကမြစ် တစ်ခုတည်း ရှိတော့မယ့်အချိန်
- အီလက်ထရောနစ်မျက်နှာစာတိုင်းမှာ မြန်မာစာလွယ်လွယ်ကူကူမှန်မှန်ကန်ကန်ပေါ်မယ့်အချိန်
- Click တစ်ချက်နှိပ်လိုက်ရုံနဲ့ အက္ခရာစဉ်ကို ၁၀၀ ရာခိုင်နှုန်း မှန်အောင်စဉ်ပေးနိုင်မယ့်အချိန်
- ဝလုံး 'ဝ' နဲ့ သုည '၀' မှားရိုက်မိတာနဲ့ ကွန်ပျူတာက မင်နီတားပေးမယ့်အချိန်
အဲလိုအချိန်မျိုးတွေကို ကျွန်တော်တို့မျှော်လင့်ရမှာဖြစ်ပါတယ်။
အဲဒီရည်မှန်းချက်အတွက် ကျွန်တော့်ရဲ့ဆေးမြီးတိုက အဟန့်အတားဖြစ်မနေစေဖို့ Unpatch feature တွေ ထည့်သွင်းပေးထားပါတယ်။ Patch မလုပ်ခင် မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိစေနိုင်ပါတယ်။
ကျွန်တော့်ရဲ့ email ထဲ၊ facebook message ထဲကို ဖုန်းအတွက်၊ ကွန်ပျူတာအတွက် အကူအညီတောင်းတဲ့စာတွေလည်း ရောက်လာပါတယ်။ ကျွန်တော်အရင်ကပြောခဲ့သလိုပါပဲ။ ကျွန်တော်ဟာ ဒီ field ထဲက professional တစ်ယောက် မဟုတ်ပါဘူး။ ဝါသနာရှင်တစ်ယောက်သာလျှင် ဖြစ်ပါတယ်။ ကျွန်တော်မဖြေရှင်းနိုင်တဲ့ ပြဿနာတွေအတွက် reply မပြန်ပေးနိုင်တာကို နားလည်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
dr.kyawzawnaing@gmail.com ထဲသို့ MecTel 800 MHz ငွေဖြည့်ကဒ်ကုဒ်များပို့ပေးပြီး support လုပ်ပေးကြသူများ၊ email, facebook တို့ထဲသို့ message များ post များဖြင့် ကျေးဇူးတင်စကားပြောကြားပြီး support လုပ်ပေးကြသူများ၊ ကျွန်တော့်ရဲ့ အစမ်းသပ်ခံ အရင်းနှီးဆုံးသူငယ်ချင်းများနဲ့ အခြားကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။
အားလုံး အဆင်ပြေကြပါစေခင်ဗျာ။
Download here : https://www.dropbox.com/s/ghhkqx2lksxpurn/fepfz%28v2.0%29.apk
Official Page : https://www.facebook.com/fepfz

Monday, November 11, 2013
4.1.x အထက်တွေမှာ မြန်မာစာမှန်စေမယ့် Tool ထွက်လာပါပီ
ကျွန်တော်တို့ဖုန်းတွေ 4.1.x အထက်မှာ မြန်မာစာမမှန်တဲ့
ပြဿနာကို ကြုံတွေ့နေရပါတယ်။
အဲဒီအတွက် မပူပါနဲ့ Developer Ko Kyaw Zaw Naing ရဲ့ ဒီ apk လေးက ဖြေရှင်းပေးပါလိမ့်မယ်။
ဒီ App ကိုသွင်းဖို့အတွက် Root Access တော့လိုပါတယ်။
Patch Fail Error ဖြစ်တဲ့ဖုန်းတွေအတွက်တော့
/system/lib/libharfbuzz.so file လေးကို ကူးပြီးတော့
dr.kyawzawnaing@gmail.com ကို မေးလ်ပို့ပြီး Support လုပ်ပေးလိုက်ကြပါ။
အဲဒါဆို အခု Version မှာမရရင်တောင် နောက် Update မှာ ရအောင်ထုတ်ပေးပါလိမ့်မယ်ခင်ဗျာ။
Note 10.1
Note 2
Tab 3
Tab 2
S3 Mini
S2 Plus
S Advance
Galaxy Grand
Xperia Z
Xperia Z1
Xperia SP
Motorola XD928
P6
G6100-U00
C8815
C8813D
C8813
G510
G520
Y300C
Y300
Official Facebook Page>>https://www.facebook.com/fepfz?ref=stream&hc_location=stream

စမ်းသပ်ပြီးသားဖုန်းတွေကNote 10.1
Note 2
Tab 3
Tab 2
S3 Mini
S2 Plus
S Advance
Galaxy Grand
Xperia Z
Xperia Z1
Xperia SP
Motorola XD928
P6
G6100-U00
C8815
C8813D
C8813
G510
G520
Y300C
Y300
Official Facebook Page>>https://www.facebook.com/fepfz?ref=stream&hc_location=stream
Saturday, November 9, 2013
တန်ဆောင်တိုင်မီးပုံးပျံစာရင်း(၂၀၁၃) for Andriod
တန်ဆောင်တိုင် ရောက်ပီဆိုတော့ကာ
ဘယ်မီးကတော့ ဘယ်နေ့လွှတ်မလဲဆိုတဲ့ စာရွက်တွေဝယ်တော့မယ်
ဝယ်စရာမလိုတော့ဘူးနော် ဖုန်းထဲတင် ကြည့်လို့ရပီ
လိုချင်သူများ ဒီမှာ ဒေါင်းပါဂျာ။
Credit to>>Developer အံထူးပိုင်
ဘယ်မီးကတော့ ဘယ်နေ့လွှတ်မလဲဆိုတဲ့ စာရွက်တွေဝယ်တော့မယ်
ဝယ်စရာမလိုတော့ဘူးနော် ဖုန်းထဲတင် ကြည့်လို့ရပီ
လိုချင်သူများ ဒီမှာ ဒေါင်းပါဂျာ။
Credit to>>Developer အံထူးပိုင်
ဖုန်းထဲတင် Apk ထည့်ပြီး root ဖောက်လို့ရပီညော်
နဂိုတရုတ် root လေးကို ဘာသာပြန်ရေးထားတဲ့ ကောင်လေးပါ
တရုတ် root တွေမှာ root လိုက်ရင် ကျွန်တော်တို့ အလွယ်ခေါ်တဲ့  တရုတ်စာတွေပါတဲ့ 
တရုတ် superuser တက်လာပါတယ်
ဒီကောင်လေးက လုံးဝ English လို တက်ပါတယ် ဖုန်းအားလုံးတိုင်းကို root လို့ ရပါတယ်
အခု root ကိုတော့ Pro Myanmar Root လို့ နာမည်ပေးထားတယ်ပါတယ်။
လိုချင်ရင်တော့ ဒီမှာ ဒေါင်းပါခင်ဗျာ

Thursday, November 7, 2013
Andriod Devices တွေမှာ Computer တွေလိုမျိုး Safe Mode ၀င်လို့ရတာ သင်သိပီးပီလား?
Android Devices တွေမှာ Safe Mode ကို ဘယ်လို ၀င်ရမလဲ?
Windows မှာလိုပဲ Android မှုာလည်း Safe Mode ကိုဝင်လို့ ရပါတယ်။
Android
မှာ Safe Mode ကိုဝင်ရင် third-party applications တွေကို Disable
လုပ်ပေးထားမှာဖြစ်ပါတယ်။
သင့် Android Device
ကောင်းကောင်းအလုပ်မလုပ်တော့တဲ့ အခြေအနေမှာ Safe Mode ကနေ ပြဿနာတွေကို
အဖြေရှာနိုင်ပါတယ်။ သင့် Android Device မှာ Apps တွေသုံးနေရင်းနဲ့ 
ပိတ်သွာတာတွေ၊ ဖုန်းလေးလံလာတာတွေ၊ Apps တွေအလုပ်ကောင်းကောင်းမလုပ်ဘဲ
ရပ်နေတာတွေ၊ Battery ကြာရှည်စွာအသုံးမခံတော့တာတွေ စတာတွေကို Safe Mode
ကိုဝင်ပြီးအဖြေရှာနိုင်ပါတယ်။ Safe Mode ကိုဝင်ပြီး ဖြစ်နေတဲ့ ပြဿနာတွေ
ဖြစ်သေးလားဆိုတာ စမ်းသပ်ကြည့်ပါ။ Safe Mode မှာ ပြဿနာတွေမဖြစ်တော့ ရင်
Applications တွေကြောင့်ဖြစ်နိုင်ပြီး ပြဿနာရှိနိုင်တဲ့ Apps တွေကို
Uninstall လုပ်နိုင်ပါတယ်။
Safe Mode ကို ၀င် ခြင်း။
Android 4.1 နဲ့ သူ့ အထက်မှာ Safe Mode ကိုဝင်ဖို့ အတွက် Power Options Menu ကိုမြင်တဲ့အထိ Power Button ကိုဖိထားပါ။
Power off option ကို ဖိထားပါ။ ဒါဆိုရင် Safe Mode ကို ၀င်မလားမေးပါလိမ့်မယ်။ OK ကိုနှိပ်ပါ။
Android Version အဟောင်းတွေမှာတော့ Power Button ကိုဖိပြီး ဖုန်းကို
ပိတ်ပါ။ Power Button ကိုဖိပြီးဖုန်းကို ပြန်ဖွင့်ပါ။ Power button ကို
ဖိထားတာကို လွှတ်ပါ။ Logo ကို မြင်ရရင် Volume Up နဲ့ Volume Down buttons
နှစ်ခုကို ပြိုင်တူဖိထားပါ။ Screen ရဲ့ ဘယ်ဘက်အောက်ခြေ မှာ Safe Mode လို
့ပြနေတဲ့အထိ ဖိထားရမှာဖြစ်ပါတယ်။
Safe Mode မှာ ပြဿနာ တွေကို အဖြေရှာခြင်း
Safe Mode ကိုဝင်ပြီးရင် Screen ဘယ်ဘက်အောက်ခြေမှာ Safe Mode ဆိုတဲ့ စာကိုတွေ့ နိုင်ပါတယ်။
Safe Mode မှာ သင့် Android Device မှာ နဂိုပါလာတဲ့ Apps တွေကို ပဲသုံးလို
့ရမှာဖြစ်ပြီး သင် Install လုပ်ထားတဲ့ Apps တွေ၊ Widgets တွေကို Disable
လုပ်ပေးထားမှာပါ။ သင့် ဖုန်းကို သာမာန် လို ပဲအသုံးပြုကြည့်ပါ။
ပြဿနာတွေဖြစ်သေးလားဆိုတာ စောင့်ကြည့်ပါ။ ပြဿနာတွေမဖြစ်တော့ရင် သင် Install
လုပ်ထားတဲ့ third-party apps တွေကြောင့် ဖြစ်နိုင်ပါတယ်။
Apps တွေကို
Disable လုပ်ထားပေမယ့် Uninstall လုပ်လို့ ရပါတယ်။ ပုံမှန်အတိုင်းပဲ
Settings ကိုသွားပြီး Apps ကိုနှိပ်ပါ။ ပြဿနာဖြစ်စေတယ်လို့ ထင်ရတဲ့ Apps
တွေကို Uninstall လုပ်ပါ။ မကြာမီ ကသွင်းထားတဲ့ Apps တွေက ပြဿနာ ဖြစ်စေတဲ့
Apps တွေဖြစ်နိုင်ပါတယ်။ အဲဒီအတွက် မကြာမီ ကသွင်းထားတဲ့ Apps တွေကို
အရင်ဆုံး Uninstall လုပ်သင့်ပါတယ်။
ပြီးရင်တော့ Power ကိုပိတ်ပါ။
Power ကို ပြန်ဖွင့်ပြီး Normal Mode ကိုပြန်သွားပါ။ ဖြုတ်လိုက်တဲ့ Apps
တွေကို တစ်ခုချင်းစီ ပြန်သွင်းပြီး စောင့်ကြည့်ပါ။ ဘယ် App
ကပြဿနာဖြစ်စေတာလဲဆိုတာကို ဒီနည်းနဲ့  ရှာဖွေပါ။
သင့်ရဲ့ ပြဿနာ ဟာ Apps တွေကြောင့်မဟုတ်ဘဲ တစ်ခြား ကြီးကြီးမားမား အကြောင်းအရာတွေကြောင့်ဆိုရင်တော့ 
သင့်ဖုန်း ရဲ့ Factory Default Settings ကို Restore လုပ်သင့်ပါတယ်။
သင့်ရဲ့  ဒေတာ တွေအားလုံး ဖျက်ပစ်မှာကိုတော့ သတိပြုပါ။ အဲဒီအတွက် Backup
လုပ်ထားသင့်ပါတယ်။ Apps တွေအားလုံးကိုလည်း ပြန်ပြီး Install လုပ်ရမှာပါ။
Factory Default Settings ကို Reset လုပ်ဖို့ အတွက် Settings ထဲကိုသွားပြီး
Backup & Reset ကိုနှိပ်ပါ။ Factory Data Reset ကိုနှိပ်ပါ။ပြီးရင်
ညွှန်ကြားချက်တွေအတိုင်းဆက်လုပ်သွားပါ။
Credit>>Myanmar Digital Life Journal
iOS 7 ကို Jailbreak မလုပ်ဘဲ မြန်မာစာသွင်းနိုင်မယ့် သရဲဇော်ဂျီဖောင့် V2.0
iOS 7 ကို Jailbreak မလုပ်ဘဲ မြန်မာစာသွင်းနိုင်မယ့် ဇော်ဂျီသရဲဖောင့် Version 2.0 လေး
ထပ်မံထွက်ရှိလာပါပြီ။ အရင် Version 1.0 ထက် စာလုံးအရွယ်အစားပိုကြီးလာပါတယ်။
ဒီ font လေးကို iPhone/iPad/Pod Touch တွေမှာ သွင်းပုံသွင်းနည်းကတော့ -
1. iDevices တွေရဲ့ Safari Browser ကနေ http://cl.ly/SLZC ကို ၀င်ပါ။
2. Download ကို နှိပ်ပါ။
3. Install ကို နှိပ်ပါ။
ဒါဆိုရင် iDevices တွေရဲ့ Function အားလုံးနီးပါးကို မြန်မာစာမြင်နိုင်ပြီဖြစ်ပါတယ်။
iOS7 ကို Jailbreak မလုပ်ဘဲ မြန်မာစာသွင်းနိုင်မယ့် သရဲဇော်ဂျီဖောင့် Version 2.0 ကို
ဖန်တီးသူကတော့ ကို Sezin Lynn ဖြစ်ပြီး Font ကတော့ ကို DJ Joe Man ရဲ့
Font ကို အသုံးပြုထားတယ်လို့ဆိုပါတယ်။
recredit to>>www.myanmarmobileapp.com

Tuesday, November 5, 2013
စကားအလှ မြန်မာက.apk(666 kB)
ဒီဆော့ဝဲလ်လေးကတော့ တိုးတက်နေတဲ့ ခေတ်ကြီးမှာ ညီငယ်၊ညီမငယ်တို့  မြန်မာရဲ့ စကားထာများ၊ စကားလိမ်များ နှင့် စကားဝှက်များကို မေ့ပျောက်မသွားစေဖို့ ..
ခေတ်နဲ့ အညီ ဖုန်းထဲမှာ အလွယ်တကူဖတ်လို့  ရအောင်ဖန်းတီးထားတဲ့  apk လေးပါ။
စကားအလှ မြန်မာက အသုံးချ ပရိုဂရမ်တွင် မြန်မာစကားနှင့် ပတ်သတ်၍ စကားထာများ၊ စကားလိမ်များ နှင့် စကားဝှက်များကို
လေ့လာနိုင်စေရန် ရည်ရွယ်ပြီး စကားထာပေါင်း ၁၇၀ ကျော်၊ စကားလိမ်ပေါင်း ၁၂၀ကျော် နှင့် စကားဝှက်ပေါင်း ၂၀ကျော်တို့ကို
ရနိုင်သလောက် ထည့်သွင်း ဖော်ပြထားပါတယ်။
အံ့သြဖွယ်ရာ၊ ကြည်နူးဖွယ်ရာများ အပြင် ဗဟုသုတဖြစ်ဖွယ်ရာရှိသဖြင့် ဥာဏ်စမ်းများ ဖတ်ရှု၍ ပျော်ရွင်နိုင်ကြပါစေ။
အောက်မှာဒေါင်းပါ>>
https://www.dropbox.com/s/2tpg3b4vm6w00vc/jas-mobile-myanmar-beautiful%40tgimobilefun.blogspot.com.apk
recredit to>>maungthu.blogspot.com

Huawei ဖုန်းတွေ ကောင်းမကောင်းစစ်မယ်
ဒီအကြောင်းကို သိပြီးသားသူတွေလဲရှိပါလိမ့်မယ် ။
ဒါကြောင့် သိတဲ့သူတွေကတော့ ကျော်သွားပါလို့ပဲ မေတ္တာရပ်ခံပါတယ်ခင်ဗျ ။
မသိသေးတဲ့ ကျွန်တော့ ဘော်ဘော်တွေ အတွက်ဗဟုသုတအဖြစ် ဝေမျှပေးလိုက်ပါတယ် ။ ကိုယ်ကိုတိုင် ဖုန်းသွားဝယ်ရင် အလွန်အသုံးဝင်ပါတယ် ….။ ဓါတ်ပုံ တင်ပေးဖို့ကို လိုင်းမကောင်းလို့ Huawei ကိုင်တဲ့ဘော်ဘော်တွေ ကိုယ့်ဖုန်းကိုယ် စမ်းကြည့်လိုက်ကြပါတော့နော် …..။
ပထမဆုံး ဖုန်းခေါ်တဲ့နေရာမှာ *#*#2846579#*#* လို့ရိုက်ထည့်လိုက်ပါ ။
ရိုက်ထည့်လိုက်ရင် MMITest_II , ProjectMenu , MMI Function Test ဆိုပြီးပေါ်လာပါလိမ့်မယ် ။
အဲ့ဒီ့ MMITest_II ဆိုတဲ့ဆီမှာ ကျွန်တော်တို့ စမ်းချင်တာတွေ အကုန်စမ်းကြည့်လို့ရပါတယ် ။အထူးသဖြင့် Touch ကောင်းမကောင်း နားကြပ် အလုပ် လုပ်၊မလုပ် စသည်ဖြင့် စမ်းလို့ရပါတယ် ……။
ဘာတွေပါမလဲဆို၇င်တော့ …..
1 . SD card test
2 . SIM card test
3 . Keypad test
4 . LCD backlight test
5 . Keypad LED test
6 . Camera test
7 . Touch screen test
8 . Appproach sensor test
9 . Environment light sensor test
10 . Vibrator test
11 . Speaker test
12 . Receiver test
13 . Mobile phone mic loopback test
14 . Mobile phone headset loopback test
15 . FM test
16 . Headset wire control test
17 . Bluetooth test
18 . Gravity sensor test
19 . Wifi test
20 . Other ……….
CREDIT : MG TAY ZAR

Facebook V3.10-dev (17.1 MB)
Facebook Update တော့မဟုတ်သေးဘူး
Dev Version ပါ
ဘာတွေထူးလာလဲတော့မသိဘူး
စမ်းသာကြည့်တော့ဗျာ
အောက်မှာဒေါင်းပါ>>
https://www.dropbox.com/s/pa483nhzc2vni1f/Facebook_3.10-dev%40tgimobilefun.blogspot.com.rar
Dev Version ပါ
ဘာတွေထူးလာလဲတော့မသိဘူး
စမ်းသာကြည့်တော့ဗျာ
အောက်မှာဒေါင်းပါ>>
https://www.dropbox.com/s/pa483nhzc2vni1f/Facebook_3.10-dev%40tgimobilefun.blogspot.com.rar
Monday, November 4, 2013
Frozen Keyboard V1.0.1(Cracked)1.5 MB
Frozen Keyboard V1.0.1 လာပါပြီ
Crack version ဆိုတော့ဘာမှထပ်လုပ်စရာ
မလိုတဲ့အတွက် အဆင်ပြေပြေသုံးနိုင်မယ်လို့
မျှော်လင့်ပါတယ် Myanmar Cracker group ကိုလဲ credit ပေးပါတယ် ခင်ဗျာ
လိုချင်တယ်ဆိုရင်တော့အောက်မှာဒေါင်းယူနိုင်ပါပြီ။
ပြည်ပရောက် ရွှေမြန်မာများအတွက်သာအဓိက ရည်ရွယ်ပြီး ဝေမျှခြင်းဖြစ်ပါတယ်
ကျွန်တော်လည်း ကိုယ်ကျိုးလုံးဝမဖက်ပါဘူး လိုချင်တယ်ဆိုရင်တော့အောက်မှာဒေါင်းယူနိုင်ပါပြီ။
သူ့မှာ ရှမ်းစာအတွက် ရှမ်းကီးဘုတ်ပါဝင်ပါတယ်။
ရှမ်းကီးဘုတ်အသုံးမလို့တဲ့သူက ရှမ်းကီးဘုတ်လေးကို အမှန်ခြစ်လေးဖြုတ်ပေးလိုက်ပါ....။
https://www.dropbox.com/s/1nzdfpb66567ale/FrozenKeyboardV1.0.1%40tgimobilefun.blogspot.com.apk

iOS 7 မှာ Myanmar Font သွင်းလို့ရပြီတဲ့ဝေ့
iO7 တွင် JailBreak လုပ်စရာမလိုပဲ zawgyi font သွင်းနိုင်ပြီဖြစ်ပါတယ်။
Browser မှာတော့မပေါ်သေးပါဘူး။ Facebook App နဲ့ Viber , Phone Contact , Phone Message တို့မှာ မြန်မာလိုမြင်နိုင်ပြီဖြစ်ပါတယ်။
အောက်ကလင့်လေးကို Phone ရဲ့ Safari ကနေ၀င်လိုက်ရုံပါပဲ
ပြီးရင် install လုပ်လိုက်ရင် ရပါပြီ။
http://d.pr/f/M8Es+
mobileConfig file ရေးပေးတဲ့ ကိုသန့်သက်နဲ့ share ပေးတဲ့ ကိုစေတန်တို့ကို ကျေးဇူးအထူးတင်ပါတယ်

Sunday, November 3, 2013
Fashion Shoes V1.0(2.45 MB)
ကဲ တန်ဆောင်တိုင်ရောက်တော့မှာဆိုတော့
တောင်ကြီးသားတွေ All-Star စီးကြတော့မှာလေ
အဲတော့ ဖိနပ် ကြိုးချည်ပုံချည်နည်း လှလှလေးတွေ
ပြထားတဲ့ Application တင်ပေးလိုက်ပါတယ်။
အောက်မှာဒေါင်းပါ>>
http://adf.ly/Ym906
တောင်ကြီးသားတွေ All-Star စီးကြတော့မှာလေ
အဲတော့ ဖိနပ် ကြိုးချည်ပုံချည်နည်း လှလှလေးတွေ
ပြထားတဲ့ Application တင်ပေးလိုက်ပါတယ်။
အောက်မှာဒေါင်းပါ>>
http://adf.ly/Ym906
Moman Camera Share V1.0.3
အခုခေတ်စားနေတဲ့ ကာတွန်းရုပ် manboker app တွေသုံးပြီး
ပုံတွေလုပ်တဲ့အခါ ဖိုင် type က jpg မဟုတ်တဲ့အတွက်
ဖုန်းထဲမှာတင် ပျောက်နေပါတယ်။
အဲတော့ ဘယ်ရှာလို့ရှာရမှန်းမသိတဲ့ ငယ်ချင်းတွေအတွက်။
ဒီကောင်လေးနဲ့ jpg ပြောင်းလို့ရပါပီ။
အောက်မှာဒေါင်းပါ>>
http://adf.ly/Ym5ta
ပုံတွေလုပ်တဲ့အခါ ဖိုင် type က jpg မဟုတ်တဲ့အတွက်
ဖုန်းထဲမှာတင် ပျောက်နေပါတယ်။
အဲတော့ ဘယ်ရှာလို့ရှာရမှန်းမသိတဲ့ ငယ်ချင်းတွေအတွက်။
ဒီကောင်လေးနဲ့ jpg ပြောင်းလို့ရပါပီ။
အောက်မှာဒေါင်းပါ>>
http://adf.ly/Ym5ta
MPT Service V1.1(BETA)2.12 MB
MPT Service v1.1(BETA) (မြန့်မာဆက်သွယ်ရေးဝန်ဆောင်မူ့)
MPT Service v1.1(Beta) လေးကတော့ အရင် v1.0.2 မှာ
နယ်တွေမှာ ဖြစ်တက်တဲ့ပြသနာလေးတွေကိုဖြေရှင်းပေးထားပါတယ်။
၇၃ တွေငွေဖြည့်ရင်တက်တဲ့ Error များကိုလဲဖြေရှင်းပေးထားပါတယ်။
ဒီApp လေးရဲ့ Featured တွေကတော့
- GSM,CDMA လက်ကျန်ငွေစစ်နိုင်ခြင်း
- GSM,CDMA ငွေဖြည့်နိုင်ခြင်း
- GSM Internet လျှောက်ထားနိုင်ခြင်း
- GSM အချင်းချင်း ငွေဖြည့်ပေးနိုင်ခြင်း
- GSM Internet Setting ချိန်နည်းထည့်သွင်းပေးထားခြင်း
- Voice Mail လျှောက်ထားနိုင်ခြင်း
-Call Waiting လျှောက်ထားနိုင်ခြင်း စသည်တို့လုပ်ဆောင်နိုင်ပါတယ်။
မြန်မာလိုအညွန်းပိုင်းများစွာထည့်သွင်းပေးထားပါတယ်။
သတိပေးချင်တာကတော့ Internet လျှောက်ပြီးသားဖုန်းတွေ ထပ်ပြီးတော့
Internet လျှောက်ရန်ကိုမနှိပ်မိပါစေနဲ့။
မှားနှိပ်လို့ ၁သောင်းထပ်ဖြတ်ခံရလျှင် တာဝန်ယူမှာမဟုတ်ပါဘူး
သတိပေးချက်ပေါင်းများစွာလဲထည့်သွင်းပေးထားလို့
အဆင်ပြေပြေအသုံးပြုနိုင်မယ်ထင်ပါတယ်။
Playstore မှာ Vote လုပ်ပြီးအားပေးပါလိုက်ဦးဗျို့
https://play.google.com/store/apps/details?id=com.phyochan.mptservice
Playstore အဆင်မပြေတဲ့သူများကတော့အောက်မှာဒေါင်းပါ>>
http://adf.ly/Ym4ji
ခွက်ဒစ်တူ ကိုဖြိုးချမ်းး)

Huawei All-in-One Bootloader Unlocker V1.0.1(Update)2.0 MB
ဒီ version မှာတော့ Huawei C8815 ကိုပါ Bootloader Unlock code တောင်းစရာမလိုဘဲ ဖုန်းထဲမှာတင်click တစ်ချက်နှိပ်ရုံနဲ့ Bootloader & Network Unlock လုပ်နိင်ပါမယ်။ ယခု version 1.0.1 နဲ့ Bootloader & Network unlock ပြုလုပ်နိုင်တဲ့ ဖုန်း model များကတော့
-Huawei C8813
-Huawei C8813D
-Huawei U8825D
-Huawei U8950D
-Huawei U8951
-Huawei Y300C
-Huawei C8815 တို့ပဲဖြစ်ပါတယ်။
ဆော့ဝဲလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် stars rating လေးတွေများများပေးသွားကြဖို့မမေ့နဲ့နော်။
https://play.google.com/store/apps/details?id=com.mmas.huaweibootloaderunlocker&hl=en
Thet Naing Soe (Myanmar Mobile App)
https://www.facebook.com/thetnaing.mmas?ref=tn_tnmn
-Huawei C8813
-Huawei C8813D
-Huawei U8825D
-Huawei U8950D
-Huawei U8951
-Huawei Y300C
-Huawei C8815 တို့ပဲဖြစ်ပါတယ်။
ဆော့ဝဲလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် stars rating လေးတွေများများပေးသွားကြဖို့မမေ့နဲ့နော်။
https://play.google.com/store/apps/details?id=com.mmas.huaweibootloaderunlocker&hl=en
PlayStore ၀င်မရတဲ့ငယ်ချင်းများအတွက်>> http://adf.ly/YjD5Z
Credit: Thet Naing Soe (Myanmar Mobile App)
https://www.facebook.com/thetnaing.mmas?ref=tn_tnmn
MPT ရဲ့နောက်တိုး Service တွေအကြောင်း
မသိသေးတဲ့သူတွေအတွက် ရေးလိုက်ပါတယ်။
1. Call Wait Service အတွက် SMS နဲ့ Orderdata CW ဆိုပြီးရိုက်ပို့ရပါမယ် တစ်လကို
(၅၀၀)ကျပ်ပါ။
2. Call Foward Service အတွက် SMS နဲ့ Orderdata CF ဆိုပြီးရိုက်ပို့ရပါမယ် တစ်လကို
(၉၀၀၀)ကျပ်ပါ။
3. Voice Mail Service အတွက် SMS နဲ့ Orderdata VMS ဆိုပြီးရိုက်ပို့ရပါမယ် တစ်လကို
(၁၀၀၀)ကျပ်ပါ။
4. Missed Call Alert အတွက် SMS နဲ့ Orderdata MCA ဆိုပြီးရိုက်ပို့ရပါမယ် တစ်လကို
(၁၀၀၀)ကျပ်ပါ။
တစ်ခုသတိထားရမှာက -
Call Wait Service နဲ့  Call Forward မှာ တစ်ခုပဲရွေးချယ်ခွင့်သလို
Voice Mail Service နဲ့ Missed Call Alert မှာလည်း တစ်ခုပဲရွေးချယ်ခွင့်ရှိပါတယ်။
ပြန်ပိတ်ချင်ရင်တော့ SMS နဲ့
1. Service အတွက် Cancel CW
2. Service အတွက် Canel CF
3. Service အတွက် Cancel VMS
4. Service အတွက် Cancel MCA ဆိုပြီး ပို့ရပါမယ်ခင်ဗျာ။
MSG တွေကို ဖုန်းနံပါတ် ၁၃၃၁ ကို ပို့ ပေးရမှဖြစ်ပြီးတော့
မေးမြန်းစုံစမ်းရန်ကတော့ Hotline "၁၈၇၆" ပါခင်ဗျာ။

Saturday, November 2, 2013
Frozen Keyboard Pro V0.6.0(Cracked)841 kB
Frozen Keyboard Pro V0.6.0 လေးပါ။
Crack ထားတာပါ။
ကိုကျော်စွာသွင်တို့ တားကို စိတ်အဆိုးနဲ့နာ်။ တား သူများနားက မ လာတာ။
ယူချင်သူများ ယူနိုင်ပါပီ :)>>
http://adf.ly/YikOE
Crack ထားတာပါ။
ကိုကျော်စွာသွင်တို့ တားကို စိတ်အဆိုးနဲ့နာ်။ တား သူများနားက မ လာတာ။
ယူချင်သူများ ယူနိုင်ပါပီ :)>>
http://adf.ly/YikOE
Subscribe to:
Posts (Atom)