Monday, December 23, 2013

G610-C00 Root နည်း

 
အရင်ဆုံး Dailer ထဲဝင်ပြီး
*#*#2846579#*#* ရိုက်ပါ
Project Menu ပေါ်လာပါမယ်
Background Setting ထဲဝင်ပါ
Log Setting - Log Switch - Log On နှိပ်ပါ
Comfirm နှိပ်ပါ

နောက် Log Level Setting - Verbose ထဲဝင်ပါ။
Comfirm နှိပ်ပါ။
ပြီးရင်တော့ Vroot နဲ့ root ချလိုက်ပါ။
Restart ချလိုက်ပါ။
ဖုန်း restart နှစ်ခါကျသွားပါလိမ့်မယ်။ ပြန်တက်လာရင် Root ပြီးသား ဖြစ်ပါပြီခင်ဗျာ။

Sunday, November 17, 2013

SGS3 သမားတွေ Andriod Version 4.3 မှာ Wake Up Lag & Battery Drain Problem ကြုံနေရသူများအတွက်

Samsung Galaxy S3 ( Gt-i9300 ) သမားတွေ Official 4.3 ကို မျှော်နေခဲ့ရတာအချိန်အတော်ကြာပါပဲ . . . ဟော . . . 4.3 ရပြီဟေ့ဆိုတော့ ကျွန်တော်အပါအ၀င် တော်တော်များများ အားကြိုးမာန်တက် တင်လိုက်ကြရော . .
အဲ့ဒီမှာ စတွေ့တာပဲ ။ Official 4.3 ဟာ Leak Version မှာတုန်းက ဖြစ်ခဲ့သလိုပဲ Wake Up lag နဲ့ Battery drain ကို Fix မလုပ်နိုင်ခဲ့ပါဘူး ။ အဲ့ဒါနဲ့ 4.1.2 တွေပြန်ဆင်းကြ ။ ပြန်ဆင်းပြန်တော့လဲ 4.3 မှာပါတဲ့ Modem က MG4 Modem ဖြစ်ပြီး 4.1.2 ကျတော့ MG2 ဖြစ်သွားလို့ Network ပျောက်တာတွေ ဖြစ်ကုန်ရော . . . ဒီတော့ ပြန်တက်ကြရရော ။
Wake up lag ( Lock screen မှာကြာနေတာ ) ရယ် Battery Drain ရယ်ကို သည်းခံပြီးသုံးနေကြတော့တာပဲ ။
ကျွန်တော်ကတော့ တကယ်သည်းမခံနိုင်ခဲ့ဘူး ။ ဖုန်းလာရင် စခရင်က ပွင့်မလာတော့ ဖုန်းကိုင်လို့မရဘူး . အတော်ခံစားရတယ် ။
ဒါနဲ့ ဟိုဒီပတ်မွှေ . ဟိုကလိ ဒီကလိ . .. Custom ROM တွေ ဗြောင်းဆန်အောင်တင်ပြီးတဲ့အခါမှာ အားလုံးမှာ တူညီနေတာလေးသွားတွေ့တယ် ။ Wake Up Lag မဖြစ်တဲ့ ROM တိုင်းနီးပါးမှာ သုံးထားတဲ့ Kernel က တူနေတာကိုတွေ့ရတယ် ။ ဒါကြောင့် ကျွန်တော် Official ပြန်တင်တယ် ။
ပြီးတော့ သူတို့သုံးတဲ့ Kernel သုံးကြည့်လိုက်တယ် ။ တကယ်ပဲဗျာ ။ လုံးဝလန်းဆန်းသွားတယ် ။
ကျွန်တော်သေချာအောင် ကျွန်တော့နားမှာရှိသမျှ s3 ငါးလုံးလုံးစမ်းတယ် ။ ။ ငါးလုံးလုံးအိုကေတယ် ။ ဒါကြောင့် ကျွန်တော် ပြန်ရှယ်ယာလုပ်ပါတယ် ။

http://www.mediafire.com/?inzboa9lg3lundi

အဲ့ဒီ Kernel လေးဒေါင်းပါ ။ ပြီးရင် ဖုန်းရဲ့ SD card ထဲထည့်ပါ ။
ပြီးရင် CWM ၀င်ပါ ။ CWM ကတော့ အားလုံးရှိပြီးသားလို့ထင်ပါတယ် ။
Root လုပ်ဖို့ သုံးခဲ့ရတာကိုး ။ CWM မရှိသေးဘူးဆိုရင်တော့ ကွန်မန့်ထဲမှာ တောင်းဗျာ ။

ပြီးရင် CWM ဆီဝင်ပါမယ် ။ Install Zip from SD Card ကိုရွေးပြီး
အခုဒေါင်းထားတဲ့ yank555 Zip ဖိုင်လေးကို ရွေးပေးလိုက်ပါ ။
Install လုပ်ရင် Aroma Installer တက်လာပါလိမ့်မယ် ။
ပထမဆုံးကတော့ terms and condition ကို အမှန်ခြစ်ခိုင်းတာပါ ။ ခြစ်ပေးလိုက်ပါ ။
ဒုတိယတစ်ခုမှာ ရွေးစရာလေး သုံးခုပေါ်လာပါမယ် ။
အဲ့ဒီနေရာမှာ Yank555.lu ကို ရွေးပေးလိုက်ပါ ။ အဲ့ဒါ အရေးကြီးပါတယ် ။
ဒိပြင် Setting တွေကိုရွေးလိုက်ရင် နောက်ပိုင်းဖြည့်ရသမျှ ကိုယ်တိုင်ဖြည့်ရပါလိမ့်မယ် ။
Yank555.lu ကိုရွေးပေးလိုက်ရင်တော့ သူ့ဟာသူ ဖြည့်ပီးသား Next တွေချည်း နှိပ်သွားရုံပါပဲ ။
အဲ့လို Yank555.lu ကို ရွေးပြီး Next နှိပ်ပါ ။ နောက်တစ်မျက်နှာ ပွင့်ပါမယ် ။ အဲ့ဒီနောက် Next တွေချည်းပဲ တောက်လျှောက်နှိပ်သွားပါ ။ ။ ။
Skilled User မဟုတ်ရင် ဘယ် Setting ကိုမှ သွားမပြောင်းပါနဲ့ ။ ။ သူအော်တိုဖြည့်ထားတဲ့အတိုင်းကိုပဲ တောက်လျှောက် Next ချည်းပဲ နှိပ်သွားပါ ။
ပြီးရင် အင်စတောလုပ်ပါမယ် ။ ပြီးရင် Reboot System ။ ဖုန်းပြန်တက်လာပါမယ် ။

ပြန်တက်လာရင် Root ပျောက်သွားတတ်ပါတယ် ။ အဲ့ဒီအတွက် ဒီကောင်လေးကို ဒေါင်းပါ ။
http://www.mediafire.com/?gz3yf3g2l7lqtxd

ဒေါင်းပြီးရင် ဖုန်းရဲ့ Sd ထဲထည့်ပါ ။ ပြီးရင် CWM ၀င်ပါ ။ CWM ကနေ အဲ့ကောင်လေးကို Flash ပေးလိုက်ပါ ။ Root Update ရပါပြီ ။
ဒိပြင်ဟာတွေသုံးရင်လဲ ရပါတယ်ကွာ လို့ လာပြောကြပါတယ် ။။။။
ဟုတ်ကဲ့ . ရမှာပါ ။ ကျွန်တော်က ကျွန်တော်ကိုယ်တိုင်စမ်းပြီး အဆင်ပြေပြီးတာကိုပဲ တင်ပေးတာပါ ။ သန်ရာသန်ရာနည်းကို သုံးနိုင်ပါတယ် ။

ပြီးရင် Reboot System Now ။
ဖုန်းပြန်တက်လာရင် Wake Up lag မရှိတော့တာကို သတိထားမိပါလိမ့်မယ်
နည်းနည်းကြာကြာသုံးမိရင် Battery drain လဲ အတော်လျော့သွားတာကို သတိထားမိပါလိမ့်မယ်
အဆင်ပြေပါစေ . . . .

All credits go to Bro Yank & Chainfire

Saturday, November 16, 2013

MPT Service v1.1(Offical)


မြန်မာနိုင်ငံသုံးဆက်သွယ်ရေးဝန်ဆောင်မူများအတွက်ဖြစ်ပါတယ်။

ဒီ App ကနေ Gsm အချင်းချင်းငွေဖြည့်ငွေလွဲလုပ်နိုင်ခြင်း

CDMA ငွေဖြည့်နိုင်ခြင်း

GSM Internet လျှောက်ထားနိုင်ခြင်း

GSM Internet Setting ချိန်နည်းပါရှိခြင်း

GSM Call Waiting Service လျှောက်ထားနိုင်ခြင်း

GSM Call Forward Service လျှောက်ထားနိုင်ခြင်း

GSM Miss Call Altert Service လျှောက်ထားနိုင်ခြင်း

GSM Voice Mail လျှောက်ထားနိုင်ခြင်း

Developer Feed Back ပြန်ပေးနိုင်ခြင်း အစရှိသည်တို့ကို

လုပ်ဆောင်နိုင်ပါသည်။

App အတွင်းမြန်မာလိုအညွန်းများပါဝင်ခြင်းကြောင့်အဆင်ပြေပြေ

လုပ်ဆောင်နိုင်မှာပါ။

ှService တစ်ခုခြင်းဆီရဲ့အချက်အလက်များကို

App အတွင်းရေးသားပေးထားပါတယ်။

Google Play Store ကနေ တိုက်ရိုက်ဒေါင်းနိုင်ပါတယ်။

https://play.google.com/store/apps/details?id=com.phyochan.mptservice

Play Store ကနေ မဒေါင်းနိုင်သူများ

ဒီမှာ ဒေါင်းပါ။




Friday, November 15, 2013

Fepfz V2.0

fepfz (Updated to Version 2.0)
*** MAJOR UPDATE ***
MORE POWERFUL and MORE RISKY

Version 2.0 အဖြစ် Update လုပ်ပေးလိုက်ပါတယ်။ အခု update မှာ code segment တွေအပေါ် မမှီခိုတော့ဘဲ ELF file structure အတိုင်းလိုက်ပြီး ပြုပြင်ပေးသွားမှာဖြစ်ပါတယ်။ ဖုန်းအားလုံးနီးပါးနဲ့ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Myanmar Unicode system ကို တစ်စိတ်တစ်ပိုင်း ပြုပြင်တာတင်မဟုတ်ဘဲ စနစ်တစ်ခုလုံးကို အလုပ်မလုပ်နိုင်အောင်လုပ်လိုက်မှာဖြစ်ပါတယ်။

ဖုန်းဘောင်နောက်မှာ စာတွေကွယ်နေတဲ့ပြဿနာကိုလည်း ဖြေရှင်းနိုင်ပါပြီ။ အဲဒီပြဿနာပေါ်နေတဲ့ဖုန်းတွေလည်း update နဲ့ patch ပြန်လုပ်လို့ရပါတယ်။ အဲဒီပြဿနာမရှိတဲ့ဖုန်းတွေ (Sony) တွေကတော့ လုပ်စရာမလိုပါဘူး။ လုပ်လိုက်ရင် တစ်ချို့နေရာတွေ ပြန်မှားသွားပါတယ်။ အပေါ်ဆုံးမှာရေးထားသလိုပဲ MORE POWERFUL and MORE RISKY ပါ။ အားလုံးမှန်ပြီးသားဖုန်းတွေ၊ လက်ရှိလောက်မှန်ရုံနဲ့တင် ကျေနပ်တယ်ဆိုတဲ့ဖုန်းတွေ ထပ်မစမ်းပါနဲ့တော့။

ကျွန်တော်ပြောခဲ့သလို၊ နောက်ပြီး တစ်ချို့ comment တွေမှာ ရေးထားကြသလိုပါပဲ။ ကျွန်တော့်ရဲ့နည်းလမ်းဟာ ရေတိုနည်းလမ်းပဲဖြစ်ပါတယ်။ ဆေးမြီးတိုပဲဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး ရည်မှန်းချက်ထားရမှာက တစ်ကမ္ဘာလုံးစံပြုထားတဲ့ Unicode System အဖြစ် ပီပီပြင်ပြင်ပေါ်ထွက်လာဖို့ဖြစ်ပါတယ်။
- ရရစ်ဆိုတာ တစ်ခုတည်း ရှိတော့မယ့်အချိန်
- အောက်ကမြစ် တစ်ခုတည်း ရှိတော့မယ့်အချိန်
- အီလက်ထရောနစ်မျက်နှာစာတိုင်းမှာ မြန်မာစာလွယ်လွယ်ကူကူမှန်မှန်ကန်ကန်ပေါ်မယ့်အချိန်
- Click တစ်ချက်နှိပ်လိုက်ရုံနဲ့ အက္ခရာစဉ်ကို ၁၀၀ ရာခိုင်နှုန်း မှန်အောင်စဉ်ပေးနိုင်မယ့်အချိန်
- ဝလုံး 'ဝ' နဲ့ သုည '၀' မှားရိုက်မိတာနဲ့ ကွန်ပျူတာက မင်နီတားပေးမယ့်အချိန်
အဲလိုအချိန်မျိုးတွေကို ကျွန်တော်တို့မျှော်လင့်ရမှာဖြစ်ပါတယ်။

အဲဒီရည်မှန်းချက်အတွက် ကျွန်တော့်ရဲ့ဆေးမြီးတိုက အဟန့်အတားဖြစ်မနေစေဖို့ Unpatch feature တွေ ထည့်သွင်းပေးထားပါတယ်။ Patch မလုပ်ခင် မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိစေနိုင်ပါတယ်။

ကျွန်တော့်ရဲ့ email ထဲ၊ facebook message ထဲကို ဖုန်းအတွက်၊ ကွန်ပျူတာအတွက် အကူအညီတောင်းတဲ့စာတွေလည်း ရောက်လာပါတယ်။ ကျွန်တော်အရင်ကပြောခဲ့သလိုပါပဲ။ ကျွန်တော်ဟာ ဒီ field ထဲက professional တစ်ယောက် မဟုတ်ပါဘူး။ ဝါသနာရှင်တစ်ယောက်သာလျှင် ဖြစ်ပါတယ်။ ကျွန်တော်မဖြေရှင်းနိုင်တဲ့ ပြဿနာတွေအတွက် reply မပြန်ပေးနိုင်တာကို နားလည်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

dr.kyawzawnaing@gmail.com ထဲသို့ MecTel 800 MHz ငွေဖြည့်ကဒ်ကုဒ်များပို့ပေးပြီး support လုပ်ပေးကြသူများ၊ email, facebook တို့ထဲသို့ message များ post များဖြင့် ကျေးဇူးတင်စကားပြောကြားပြီး support လုပ်ပေးကြသူများ၊ ကျွန်တော့်ရဲ့ အစမ်းသပ်ခံ အရင်းနှီးဆုံးသူငယ်ချင်းများနဲ့ အခြားကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အားလုံး အဆင်ပြေကြပါစေခင်ဗျာ။

Download here : https://www.dropbox.com/s/ghhkqx2lksxpurn/fepfz%28v2.0%29.apk


Official Page : https://www.facebook.com/fepfz

Monday, November 11, 2013

4.1.x အထက်တွေမှာ မြန်မာစာမှန်စေမယ့် Tool ထွက်လာပါပီ

ကျွန်တော်တို့ဖုန်းတွေ 4.1.x အထက်မှာ မြန်မာစာမမှန်တဲ့
ပြဿနာကို ကြုံတွေ့နေရပါတယ်။
အဲဒီအတွက် မပူပါနဲ့ Developer Ko Kyaw Zaw Naing ရဲ့ ဒီ apk လေးက ဖြေရှင်းပေးပါလိမ့်မယ်။
ဒီ App ကိုသွင်းဖို့အတွက် Root Access တော့လိုပါတယ်။
Patch Fail Error ဖြစ်တဲ့ဖုန်းတွေအတွက်တော့
/system/lib/libharfbuzz.so file လေးကို ကူးပြီးတော့
dr.kyawzawnaing@gmail.com ကို မေးလ်ပို့ပြီး Support လုပ်ပေးလိုက်ကြပါ။
အဲဒါဆို အခု Version မှာမရရင်တောင် နောက် Update မှာ ရအောင်ထုတ်ပေးပါလိမ့်မယ်ခင်ဗျာ။  

ဒီမှာ ဒေါင်းပါ။

စမ်းသပ်ပြီးသားဖုန်းတွေက
Note 10.1
Note 2
Tab 3
Tab 2
S3 Mini
S2 Plus
S Advance
Galaxy Grand
Xperia Z
Xperia Z1
Xperia SP
Motorola XD928
P6
G6100-U00
C8815
C8813D
C8813
G510
G520
Y300C
Y300

Official Facebook Page>>https://www.facebook.com/fepfz?ref=stream&hc_location=stream

Saturday, November 9, 2013

တန်ဆောင်တိုင်မီးပုံးပျံစာရင်း(၂၀၁၃) for Andriod

တန်ဆောင်တိုင် ရောက်ပီဆိုတော့ကာ
ဘယ်မီးကတော့ ဘယ်နေ့လွှတ်မလဲဆိုတဲ့ စာရွက်တွေဝယ်တော့မယ်
ဝယ်စရာမလိုတော့ဘူးနော် ဖုန်းထဲတင် ကြည့်လို့ရပီ
လိုချင်သူများ ဒီမှာ ဒေါင်းပါဂျာ။



Credit to>>Developer အံထူးပိုင်

ဖုန်းထဲတင် Apk ထည့်ပြီး root ဖောက်လို့ရပီညော်

နဂိုတရုတ် root လေးကို ဘာသာပြန်ရေးထားတဲ့ ကောင်လေးပါ
တရုတ် root တွေမှာ root လိုက်ရင် ကျွန်တော်တို့ အလွယ်ခေါ်တဲ့  တရုတ်စာတွေပါတဲ့ 
တရုတ် superuser တက်လာပါတယ်
ဒီကောင်လေးက လုံးဝ English လို တက်ပါတယ် ဖုန်းအားလုံးတိုင်းကို root လို့ ရပါတယ်
အခု root ကိုတော့ Pro Myanmar Root လို့ နာမည်ပေးထားတယ်ပါတယ်။
လိုချင်ရင်တော့ ဒီမှာ ဒေါင်းပါခင်ဗျာ

 

Numbered Pages

Blogger Tips and TricksLatest Tips And TricksBlogger Tricks